International News

စင်ကာပူနိုင်ငံသည် COVID-19 ဖြစ်ပွားမှုကြောင့် လက်လီအရောင်းဆိုင်များထိခိုက်မှု လျော့ပါးစေရန် ဆောင်ရွက်မှုမှာ ဟောင်ကောင်ထက် သာလွန်မှုရှိခြင်း

Last Updated:

Covid-19 ဖြစ်ပွားမှုကြောင့် စီးပွားရေးလုပ်ငန်းများထိခိုက်မှု လျော့ပါးစေရန် စင်ကာပူအစိုးရသည် စင်ကာပူ ဒေါ်လာ (၆၀) ဘီလီယံနှင့် ညီမျှသည့် အမေရိကန် ဒေါ်လာ (၄၂) ဘီလီယံ အားပံ့ပိုးပေးထားရာ ဟောင်ကောင်‌ဒေါ်လာ (၁၃၇.၅) ဘီလီယံနှင့် ညီမျှသည့် အမေရိကန်‌ ဒေါ်လာ (၁၇.၇) ဘီလီယံ ထောက်ပံ့မည့် ဟောင်ကောင်ဒေသထက် ပိုမိုများကြောင်း၊ ၂၀၁၉ ခုနှစ်၊ ဇွန်လမှ စတင်၍ဖြစ်ပွားခဲ့သော အစိုးရဆန့်ကျင် ဆန္ဒပြမှုများကြောင့် လက်လီရောင်းချမှုများ လျော့ကျ ခဲ့သော ဟောင်ကောင်ဒေသနှင့်နှိုင်းယှဉ်လျှင် စင်ကာပူနိုင်ငံ၏ လက်လီရောင်းချရမှုမှာ ၂၀၂၀ ပြည့်နှစ်၊ ဖေဖေါ်ဝါရီလမှသာ စတင်ကျဆင်းခဲ့ခြင်းဖြစ်ကြောင်း၊ စင်ကာပူသည်နိုင်ငံ တစ်နိုင်ငံဖြစ်သောကြောင့်  လိုအပ်ပါက အမိန့်၊ ဥပဒေများ ချက်ချင်း ပြဌာန်းနိုင်သော်လည်း ဟောင်ကောင်အထူးအုပ်ချုပ်ခွင့်ရဒေသ၏ စီးပွားရေးမှာ တရုတ်ပြည်မကြီးနှင့် ဆက်စပ်လျှက်ရှိ သောကြောင့် အခက်အခဲများရှိကြောင်း၊ စင်ကာပူနိုင်ငံတွင် အဆောက်အဦ/ အခန်းပိုင်ရှင်များမှာ အစိုးရ၏ တွန်းအားပေးမှုကြောင့် ငှားရမ်းခများကို ဟောင်ကောင်ထက် ပိုမိုလျော့ပေးကြောင်း၊ ဟောင်ကောင်ဒေသတွင် လက်လီအရောင်းဆိုင် အခန်းပိုင်ရှင်များ၏ ငွေကြေး အခြေအနေပေါ် မူတည်၍ ကုမ္ပဏီများမှ အခန်းငှားရမ်းသည့် မူဝါဒအား သီးသန့် သတ်မှတ်ဆောင်ရွက်လျက်ရှိ ကြောင်း၊ ဒေသအစိုးရမှထောက်ပံ့မှုများမှာလည်း လုံလောက်မှုရှိရန် လိုအပ်နေသေးပြီး ကုမ္ပဏီကြီးများအနေဖြင့် အခက်အခဲများရှိကြောင်း၊ ခက်ခဲသည့် အခြေအနေနှင့် ကြုံတွေ့နေရ သောကြောင့် စီးပွားရေး လုပ်ငန်းများ ကျဆင်းလျှင်ပင် ၎င်းတို့၏ အလုပ်သမားများနှင့် လုပ်ငန်းများကို ဆက်လက်ထိန်းသိမ်းထားလိုကြကြောင်း၊  Covid-19 ဖြစ်ပွားမှုကြောင့်  အာရှ-ပစိဖိတ် စီးပွားရေးဒေသတွင် စီးပွားရေးထိခိုက်မှုများ ဖြစ်နိုင်သော်လည်း နေရာဒေသကွဲပြားမှု အလိုက် မတူညီမျှမှုများ ရှိနိုင်ကြောင်း၊ တရုတ်နှစ်သစ်ကူး ကာလ အတွင်း ဟောင်ကောင်‌ဒေသသို့ တရုတ်ပြည်မကြီးမှ ခရီးသွားဈေးဝယ်များ လာရောက်မှု မရှိသောကြောင့် ဖေဖေါ်ဝါရီလတွင် ဟောင်ကောင်ဒေသ၏ လက်လီ ရောင်းချရမှုမှာ (၄၄) ရာခိုင်နှုန်းနှင့် စင်ကာပူနိုင်ငံတွင် (၁၂) ရာခိုင်နှုန်းသာ လျော့ကျခဲ့ကြောင်း၊ ခရီးသွားများလာရောက်မှုမှာ ဖေဖေါ်ဝါရီလအတွင်း ဟောင်ကောင် တွင် (၉၄) ရာခိုင်နှုန်းနှင့် စင်ကာပူနိုင်ငံတွင် (၅၇) ရာခိုင်နှုန်းသာ လျော့ကျခဲ့ ကြောင်း၊ ဟောင်ကောင်ဒေသရှိ အလုပ်သမား (၁.၅) မီလီယံအတွက် လစာ (၅၀) ရာခိုင်နှုန်းအား (၆) လစာ ပံ့ပိုးသွားမည်ဟု ဟောင်ကောင်အထူးအုပ်ချုပ်ရေးဒေသ အုပ်ချုပ်ရေးမှူးချုပ် Mrs. Carrie Lam Cheng Yuet-ngor က ပြောကြားခဲ့ ကြောင်း၊ အိမ်ရာတာဝန်ရှိသူများမှလည်း အိမ်ငှားသူများ သက်သာစေရန်အတွက် ထောက်ပံ့မည့်အစီအစဉ်အား ဟောင်ကောင်‌ဒေါ်လာ (၈၀) မီလီယံမှ (၃၀၀) မီလီယံသို့ တိုးမြှင့်ပေးခဲ့ကြောင်း၊ ရထားပို့ဆောင်ရေးလုပ်ငန်း (MTR) မှလည်း ဘူတာရုံများရှိ ဆိုင်ခန်းများအား (၅၀) ရာခိုင်နှုန်းဖြင့် ငှားရမ်းထားခြင်းကို ဧပြီလ အထိ ကာလတိုးမြှင့်ပေးခဲ့ကြောင်း၊ယခုနှစ်တွင်စင်ကာပူနိုင်ငံ၌ လက်လီရောင်းချမှုနှင့် စားသောက်ကုန် များရောင်းချသည့် လုပ်ငန်းများမှ အကျိုးအမြတ်ရရှိသည့် အခန်းရှင်များအတွက် အိမ်ခြံမြေအခွန် သက်သာခွင့်များ ပေးသွားမည်ဖြစ်ပြီး၊ အခြားသော လက်လီ‌ရောင်းချသူများကိုလည်း ဧပြီလတွင် အခန်းငှားခ ကင်းလွတ်ခွင့် ပေးသွားမည်ဖြစ်ကြောင်း၊ စီးပွားရေးကဏ္ဍအားလုံးရှိ ကုမ္ပဏီများ အားလုံးတွင် လုပ်ကိုင်လျက်ရှိသည့် အလုပ်သမားများ၏လစာ (၇၅) ရာခိုင်နှုန်းကို ပံ့ပိုးပေးသွား မည်ဖြစ်ကြောင်း၊ စင်ကာပူနိုင်ငံရှိ Temasek Holdings မှအခန်းငှားသူများအတွက် စင်ကာပူ‌ဒေါ်လာ (၁၀၀) မီလီယံ ပံ့ပိုးမည်ဖြစ်ပြီး၊ အခြားသော အခန်းပိုင်ရှင် များမှလည်း ဧပြီလ အခန်း ငှားရမ်းခကို သက်သာခွင့် ပေးသွားမည်ဖြစ်ကြောင်း၊ စီးပွားရေး ကျဆင်းမှုကြောင့် အခန်းငှားခများ မပေးနိုင်လျှင် လက်ရှိအခန်းငှားရမ်း နေသူများအား လက်လွှတ်ဆုံးရှုံးနိုင်သည်ကို နားလည် ခြင်းနှင့် ဟောင်ကောင်ကဲ့သို့ ကာလကြာရှည် အစိုးရဆန့်ကျင် ဆန္ဒပြမှုများကြောင့် စီးပွားရေး ကျဆင်းမှု မကြုံတွေ့ခဲ့ရသောကြောင့် စင်ကာပူနိုင်ငံရှိ အခန်းပိုင်ရှင်များမှာ အခန်းငှားရမ်းခများ လျေှာ့ချ‌ပေးရာတွင် ဟောင်ကောင်ဒေသရှိ အခန်းပိုင်ရှင်များထက် ပိုမို လျေှာ့ပေးနိုင်ကြောင်း၊ ဟောင်ကောင်ဒေသရှိ အချို့သောအခန်းပိုင်ရှင်များမှာ အခြေအနေကို နားလည်မှုရှိပြီး အချို့မှာ လောဘကြီးကြကြောင်း၊ စင်ကာပူ နိုင်ငံတွင် ဒေသအစိုးရ၏ တွန်းအားပေးမှုကြောင့် အဆောက်အဦ/ အခန်းပိုင်ရှင်များမှ ပိုမိုပူးပေါင်း ဆောင်ရွက်မှုများရှိကြောင်း၊ ဟောင်ကောင် ဒေသ၌  Covid-19  စတင် ဖြစ်ပွားသည့် အချိန်ကစ၍ Mask များဝတ်ထားကြပြီး လက်ရှိတွင် နေ့စဉ်ကူးစက်မှုမှာ ကိန်းဂဏန်းတစ်ခုသာရှိပြီး စုစုပေါင်းကူးစက်ခံရမှုမှာ (၁၀၀၀) ဦးကျော်သာရှိကြောင်း၊ စင်ကာပူနိုင်ငံတွင် ယခုရက်ပိုင်းတွင်း ကူးစက်ခံရမှုမှာ နေ့စဉ် (၃၀၀) ကျော်ရှိပြီး စုစုပေါင်း (၄,၄၀၀) ဦးကျော် ရှိပြီဖြစ်ကြောင်း၊ စင်ကာပူ နိုင်ငံ၏ စီးပွားရေးမှာ ယခုနှစ်တွင် (၁) ရာခိုင်နှုန်းမှ (၄) ရာခိုင်နှုန်းအထိ လျော့ကျသွားနိုင်ကြောင်း ခန့်မှန်းထားရှိပြီး ၂၀၂၁ ခုနှစ်၊ ဧပြီလတွင် ရွေးကောက်ပွဲ ကျင်းပရ ရန်ရှိသောကြောင့် နိုင်ငံသားများ ကျေနပ်မှုရရှိစေရန် စီးပွားရေးကျဆင်းမှုမှ ကာကွယ်နိုင်ရန် အစိုးရမှ ကြိုးပမ်းလျက်ရှိကြောင်း ၂၀၂၀ ပြည့်နှစ်၊ ဧပြီလ ၁၆ ရက်နေ့ ထုတ် South China Morning Post  သတင်းစာ၌ Denise Tsang က “Hong Kong Economy better off than most despite IMF downgrade, says commerce minister” ခေါင်းစဉ်ဖြင့် ရေးသားဖော်ပြထားပါသည်။

 

 

(မြန်မာစီးပွားရေးသံမှူး၊ ဟောင်ကောင်)

Category: International News